မင်္ဂလာပါ ခင်ဗျာ ဖိတ်ခေါ်ပါတယ်
စာတိုပေစ (ပေါက်ကရ)
Happy Birthday..
လာမည့်ရာချီ ၊ နှစ်အလီလီတိုင် ပိုင်ဆိုင်ချင်သမျှ ၊ ရွယ်ကာမျှဖြင့်
လိုတိုင်းတ၍ရပါစေ…။
ရင်ဆိုင်တွေ့မြဲ ၊ အခက်အခဲကို
ကျော်လွှားအောင်မြင်နိုင်ပါစေ…။
ကိုယ်လည်းကျန်းမာ ၊ စိတ်ချမ်းသာ၍
နှစ်ဖြာစိတ်ဝမ်းရွှင်လန်းစေ…။
………………………..စေ…။
………………………..စေ…။
………………………..စေ…..လို့
တန်ခိုးရှင်လိုအစွမ်းနဲ့
မန်းမှုတ်လို့မပေးနိုင်သည့်တိုင်
တတ်နိုင်သမျှဉာဏ်ရည်နဲ့
ဖွဲ့သီတဲ့ကဗျာအစွမ်းကြောင့်
ရွှင်လန်းစွာ နောင်လာမဲ့ နေ့ရက်တွေမှာ
ပျော်မြူးကာပီတိတစ်ခုနဲ့
ကြည်နူးမှုဖြစ်ပါစေ ညီမလေး …။
Posted: 2012-02-28 05:50:25 UTC+08:00
အိုင်မစ်စ်ယူဆိုးမတ်ခ်ျ (သို့) မ
အလွမ်းတွေ အပြည့်နဲ့ ကျွန်တော် ဒီစာလေးကို ရေးလိုက်တယ်နော် မ.
တကယ်တမ်း တွေးကြည့်လိုက်ရင်တော့လည်း ဘာရယ်မဟုတ်ပါဘူးလေ. ဒီဘ၀တစ်ခုဆိုတဲ့ အချိန်တိုလေးအတွင်းမှာ လူတွေ အချင်းချင်း ချစ်ကြ၊ မုန်းကြ၊ ခင်မင်တွယ်တာကြ၊ မုန်းတီးစက်ဆုပ်ကြ၊ ပျော်ရွှင်ကခုန်ကြ၊ ၀မ်းနည်းပူဆွေးကြနဲ့ ဘ၀ဆိုတာကြီးက တကယ့်ကို ပြဇာတ်ခုံကြီးတစ်ခုလိုပါပဲ.
အဲဒီ့ပြဇာတ်ခုံကြီးပေါ်မှာပဲ ကျွန်တော် မထင်မှတ်ပဲ မ ကို ခင်မင်တွယ်တာခဲ့ရတယ်.
ဒီနေ့ဒီချိန်ထိ ကျွန်တော်သိပ်ကိုချစ်မြတ်နိုးရတဲ့ မ ဆိုတာ ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှ မသိကြသေးသလို ကျွန်တော့်ဖက်ကလည်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟချပြဖို့ အင်အားမရှိခဲ့ပါဘူး.
ကျွန်တော့်မှာ ဒိုင်ယာရီစာအုပ်လေးနှစ်အုပ်ရှိတယ်.
တစ်ခုကတော့ ကျွန်တော် ညဖက် မအိပ်ခင် ရေးတတ်တဲ့ စာအုပ်လေးပေါ့
နောက်တစ်ခုကတော့ ကျွန်တော့်ရဲ့ ဒီဘလော့ဂ်လေးပေါ့.
ဒီဘလော့ဂ်လေးပေါ်မှာ ကျွန်တော် ရေးချပြလို့ရတဲ့ ရင်ဖွင့်သံတစ်ချို့ကို ကဗျာလိုလို၊ စာလိုလို၊ အက်ဆေးလိုလို၊ တိုင်တည်ဖွင့်ဟသလိုလိုနဲ့ ကျွန်တော် ရေးတတ်၊ ဖွဲ့နွဲ့တတ်တယ်.
ဒါလေးကိုက ကျွန်တော့်ရဲ့ ထွက်ပေါက်လေးတစ်ခုလို ဖြစ်နေခဲ့ရတယ် မ ရယ်.
ဘာရယ်မဟုတ်ဘူး. ကျွန်တော် ဒီနေ့ မ ကို သိပ် သတိရနေခဲ့တယ်.
လွမ်းလိုက်တာလို့လည်း ရင်ဘတ်ထဲက နှစ်နှစ်ကာကာ တမ်းတဟစ်ကြွေးမိတယ်.
ဒီအချိန်ဆို မတစ်ယောက် ဘာတွေလုပ်နေမယ်. ဘယ်သူတွေနဲ့ ရှိနေမယ်. အို... ကျွန်တော်မတွေးဘဲနဲ့ကို ခေါင်းထဲ ရောက်ရောက်လာတယ်ဗျာ.
ဆန်းဒေးကဆိုရင်လေ ကျွန်တော် အိပ်ယာထဲမှာ ခွေနေရင်း မျက်နှာကြက်ကို မော့ကြည့်လို့ မ အကြောင်းတွေ အများးးးးးးးးကြီး တွေးနေမိတယ်.
ဒီနှစ် သင်္ကြန်ရောက်တော့မယ်နော် မ.
ကျွန်တော် မ ကို ရေလောင်းချင်လိုက်တာ....
မ ရဲ့ ဆံပင်ရှည်လေးတွေကို အသာသပ်တင်ပြီး ကုပ်လေးပေါ်ကတဆင့် ရေအေးအေးလေးကို လောင်းချလိုက်စဉ်ခဏ ကျွန်တော့်ရှေ့မှာ မတစ်ယောက် ရှက်သွေးဖြာပြီး ခေါင်းငုံ့ရယ်ပြုံးနေမလား.
ဒါမှမဟုတ် မျက်နှာလေး နီမြန်းနေပြီး ဆံနွယ်လေးတွေကို အသာစုကိုင်ထားမလား.
ဒါမှမဟုတ်. ပေါ့ပေါ့ပါးပါးလေး ရယ်ပြီး ကျွန်တော့်ကို ရေပြန်လောင်းဖို့ ကြိုးစားနေမလား...
အဲဒီ့အတွေးစတွေအားလုံးကို မျက်နှာကြက်အဖြူကြီးက ရက်စက်လွန်းစွာ ၀ါးမြိုပစ်လိုက်တယ်.
လွမ်းတယ် မ.
ကျွန်တော် မ ကို သိပ်ကို လွမ်းနေမိပါတယ်...
အလွမ်းတွေ အပြည့်နဲ့ ကျွန်တော့်ရဲ့ ဒိုင်ယာရီလေးထဲမှာ ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ် ဒီနေ့ မ အတွက် တင်ပေးလိုက်တယ်နော်.
ဒီနေ့တစ်နေ့လုံး အခန်းအောင်းပြီး နားထောင်ဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်ပါ မ မျှဝေခံစားနိုင်ဖို့ ကျွန်တော် တင်ပေးလိုက်တယ် မ ရယ်.
ညနေခင်းရဲ့ အလင်းတန်းတွေရယ်လေ
မှော်ဆရာတစ်ယောက်ရဲ့ ပဉ္စလက်ပြကွက်တွေအလား
ကျွန်တော့်ကို ဖမ်းစားခဲ့တယ်.
မရောက်ဖြစ်တာကြာခဲ့ပြီဖြစ်တဲ့ ဒီမြစ်ကမ်းဘေး
ခဏလောက် ငေးကြည့်ရကောင်းသားဆိုတဲ့အတွေးတွေနဲ့
ကျွန်တော် ဒီခုံတန်းလျားလေးပေါ်မှာ ထိုင်မိခဲ့ပြန်ပြီ မ ရယ်...
အရောင်ပြယ်လွင့်နေတဲ့ သစ်သားတန်းလေးကို
တမြတ်တနိုး ပွတ်သပ်မိရင်း ခပ်တိုးတိုးလေး ပြောမိတယ်.
ကျွန်တော် မ ကို အရမ်းတွေ့ချင်လိုက်တာ
Ethics တွေ၊ Social Rules တွေ၊ Manner တွေ
ဒါတွေ အားလုံးကို ကျွန်တော်မေ့ထားလိုက်ပြီး
အပူပြင်းဆုံး အချစ်မီးတောက်တွေထဲမှာ
ကျွန်တော် ကိုယ့်ကိုယ်ကို လောင်ကျွမ်းပစ်လိုက်ချင်တယ်.
အင်္ကျီဇစ်ကို ဖြည်းညှင်းစွာဆွဲပိတ်
မျက်စိကို အသာမှေးမှိတ်လိုက်ရင်း
ဒီခုံတန်းလျားလေးပေါ်မှာ
ဖြေလျော့နွမ်းလျစွာ မှီထိုင်နေလိုက်ခဲ့တယ်.
လွမ်းတယ် မ........
ခုံတန်းလေးပေါ်မှာ ခေါင်းကိုမှီလိုက်ရင်း
ကောင်းကင်ကို အားယူမော့ကြည့်မိလိုက်တော့
ဟိုးအဝေးက တိမ်တိုက်တွေကြားထဲမှာ
တစ်စုံတစ်ယောက် ကျွန်တော့်ကို ပြုံးရင်း စိုက်ကြည့်နေသလိုပဲ.
အာခေါင်တွေကို ခြစ်ကုပ်ပြီး အားကုန် အော်ဟစ်ပစ်လိုက်ချင်တယ်.
မရယ်.....
အသံတွေဟာ ကွဲအက်လို့ လည်ချောင်းဝမှာ ကျဆုံးချိန်မှာ
တစ်စုံတစ်ရာသာ ပြင်ပကို တိုးထွက်လာခဲ့တယ်.
ကျွန်တော် သိပ်လွမ်းတယ် မ....
သိပ်ကို လွမ်းဆွတ်ကြေကွဲနေရပါတယ်...
အေးစက်စက် ဆောင်းလေပြည်ညှင်းက
နွေးထွေးနေတဲ့ ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်စတစ်ချို့ကို အေးခဲစေခဲ့တယ်.
မနဲ့ ကျွန်တော့်အကြောင်း စဉ်းစားမိတိုင်း
တစ်စုံတစ်ရာကို ကျွန်တော် အပြင်းအထန်ပေါက်ကွဲပစ်လိုက်ချင်တယ်.
ရှေ့တည့်တည့်မှာ မြင်နေရတဲ့ သစ်ပင်ကြီးကိုပဲ အားနဲ့ ကျုံးကန်ပစ်လိုက်ရမလား
ခဲလုံးကြီးကြီးကို ဆတ်ခနဲကောက်ပြီး ရေပြင်ထဲကို ၀ုန်းခနဲ ပစ်ထည့်လိုက်ရမလား
မျက်စိကိုစုံမှိတ်၊ လက်နှစ်ဖက်ကို ဘေးဖက်ဆန့်တန်း၊ ခေါင်းကိုမော့လို့
'အားးးးးးးးးးးး' ဆိုပြီး ဖောက်ခွဲအော်ဟစ်ပစ်လိုက်ရမလား...
ကျွန်တော်တစ်စုံတစ်ရာကို ပေါက်ကွဲပစ်လိုက်ချင်တယ်.
အားရပါးရ အော်ဟစ်ငိုကြွေးပစ်လိုက်ချင်တယ်.
ကျွန်တော့်ပါးပြင်တွေပေါ်မှာ ရေခဲမြစ်တစ်စင်း လမ်းလျှောက်ထွက်ခဲ့တယ် မရယ်..
ဒီ့ထက်လည်း ပိုကြေကွဲနိုင်ဖို့ နှလုံးသားမှာ အင်အားမရှိတော့ပါဘူး..
မရည်ရွယ်ဘဲနဲ့ သီချင်းစာသားတစ်ချို့ ခေါင်းထဲ ပြေးဝင်လာကြတယ်.
နှုတ်ခမ်းထောင့်ကို အသာကိုက်ရင်း ခပ်မဲ့မဲ့ ပြုံးမိတယ် မရယ်...
ရုန်းမထွက်ချင်တော့ပါ
စွဲလမ်းခြင်းကို မြတ်နိုးစွာ
ဆိတ်ငြိမ်စွာ ခံစားရင်း
ဘ၀ကို ကျေနပ်ရမှာပါ...
ဘာကိုမျှော်လင့်လို့ ဆုပ်ကိုင်ထားရမလဲ
တစ်ယောက်တည်း အထီးကျန်နေပြီပဲ...
ဘာကိုမကျေနပ်လို့ ဟစ်အော်နိုင်ဦးမလဲ..
စကားတွေရှာလည်း မရနိုင်ခဲ့......
ဘယ်ကိုထွက်ပြေးလို့ လွတ်မြောက်ခြင်းရှိမယ်
နှောင်ကြိုးများကို မဖြေနိုင်ခဲ့...
ငါဟာသေဆုံးလို့ ရွက်ကြွေတွေ ဘ၀လို
လမ်းဟောင်းလေးပေါ်မှာ
ကြွေနေပါစေတော့ ရှုံးပြီးသား.......
ညနေခင်းဟာ အရာအားလုံးကို ကျောခိုင်းလို့ မျက်ကွယ်ပြုခဲ့ပြီ
ကမ်းစပ်ကို ရိုက်ခတ်နေတဲ့ ရေလှိုင်းသံတွေကြားထဲမှာ
ဆောက်တည်ရာမရ လွင့်မျောနေတဲ့ ကျွန်တော့်အလွမ်းတွေကို ပြန်ဖမ်းပြီး
ခုံတန်းလျားလေးကို မြတ်နိုးယုယစွာ ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်.
ခပ်လှမ်းလှမ်းရောက်မှ မပြယ်နိုင်တဲ့ သံယောဇဉ်တစ်ချို့နဲ့
နောက်ပြန်လှည့်ကြည့်မိခဲ့တယ်.
အို.... မရယ်...
ကျွန်တော်ထိုင်နေခဲ့တဲ့ နေရာမှာလေ...
သိလား..
ကျွန်တော်ထိုင်နေခဲ့တဲ့နေရာမှာ..
ကျွန်တော်သိပ်မြတ်နိုးတဲ့ သစ်ရွက်လေးတစ်ရွက် တင်ကျန်နေခဲ့တယ်.
ဘေးဘီဝန်းကျင်ကို အမြန်လှည့်ကြည့်မိတော့လည်း
ဘယ်သူမှ ရှိမနေခဲ့ဘူး..
ဆစ်ခနဲ ကျင်တက်သွားတဲ့ ဘယ်ဖက်ရင်အုံပေါ်မှာ
လက်ကို အသာတင်လိုက်ရင်း
အားတင်းလို့ ခပ်တိုးတိုးပြောမိတယ်.အိုင်မစ်စ်ယူ ဆိုးမတ်ခ်ျ မ....
"လေးစားလျှက်... "

Posted: 2012-02-24 05:36:25 UTC+08:00
အချစ်ကြောင့် ကျိုးကြေသွားရခြင်း.............
by ပဲခူး ဆား on Monday, January 30, 2012 at 1:48am
တစ်နေ့... အဲဒီနေ့ကပေါ့...။ ဘယ်လိုမှ မျှော်လင့်မထားတဲ့ တစ်နေ့...။ မျှော်လင့်ချက်များစွာနဲ့ ရှင်သန်ခဲ့ရတဲ့ ဘ၀..။ အချစ်ဆုံးသူ တစ်ယောက်ရဲ့ အားပေးစကားတွေနဲ့ အားပြုနေတဲ့ အချိန်..။ ဘယ်လိုမှ ထင်မှတ်မထားခဲ့မိပါဘူး..။ ကြားလိုက်ရတဲ့စကားက ရှေ့မဆက်နိုင်တော့ဘူးတဲ့..။ ဘာလို့လဲ...ဘာလို့လဲ....။ အကြောင်းပြချက်က သိပ်မလှပခဲ့ပါဘူး..။ သေဆုံးသွားတဲ့ လူတစ်ယောက်အပေါ်ပဲ ချစ်သွားချင်တော့လို့တဲ့..။ သေဆုံးသွားတဲ့ လူတစ်ယောက် အပေါ်ကိုသစ္စာမမဲ့ချင်ဘူးတဲ့..။ ဒါဖြစ်နိုင်ပါ့မလား စိတ်ထဲမှာ လုံးဝလက်မခံချင်ဘူး....။ ငါ့ကိုချစ်ခဲ့မိတာလည်း ပထမဆုံးနဲ့ နောက်ဆုံးအမှားပါတဲ့....။ ခွင့်လွှတ် နားလည်ပေးပါတဲ့...။ ငါဘယ်လိုလုပ်ရမလဲ..။ စဉ်းစားကြည့်လိုက်တိုင်း ဘယ်လိုမှမယုံနိုင်ခဲ့ဘူး...။ ဘယ်လိုမှလည်း ဆက်ပြီးမယုံကြည်နိုင်ပါဘူး....။ ဒါပေမယ့် အသည်းတွေ အထပ်ထပ်နဲ့ ဟက်တက်ကွဲခဲ့ပြီပေါ့ဗျာ...။ မျှော်လင့်ချက်တွေနဲ့ တည်ဆောက်ထားတဲ့ စိတ်ကူးတွေ ၊ ကိုယ့်ကိုကိုယ် ပေးထားခဲ့တဲ့ ကတိတွေနဲ့ ငါဘယ်လို ရှေ့ဆက်ရတော့မှာလဲ..။ ရင်ထဲမှာ ရူးလောက်အောင် ခံစားနေရတယ်..။ မင်းကို ချစ်ခဲ့တာ အပေါ်ယံ သဘောမျိုးနဲ့ မဟုတ်ခဲ့ရပါဘူး..။ တကယ့်ကို နှစ်နှစ်ကာကာနဲ့ ချစ်ခဲ့တာပါ..။ Online တနေရာမှာ မင်းကို စတွေ့လိုက်ရကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အချစ်ပါ....။ မင်းဆီက အဖြေကို ရခဲ့ရတဲ့ နေ့ကစပြီး ငါပျော်ရွှင်ခဲ့ရတာပါ..။ မင်းမမှားပါဘူး..။ ငါ့ကို ချစ်ခဲ့တာလည်း မင်းမမှားပါဘူး...။ သေဆုံးသွားတဲ့ တစ်ယောက်အပေါ်ကို မင်းဘယ်လောက်တောင် ချစ်လဲဆိုတာ ငါနားလည်ပေးနိုင်ပါတယ်..။ ဘာလို့လဲဆိုတော့ မင်းသူ့ကိုချစ်သလိုမျိုး ငါလည်း မင်းအပေါ်ကို ချစ်ခဲ့မိလို့ပါပဲ..။ ဘာမှမပိုင်ဆိုင်တဲ့ ငါ့ဘ၀ကို တခဏဖြည့်ဆီးပေးခဲ့တဲ့ အတွက် ကျေးဇူးပါ...။ မင်းအတွက်နဲ့ အင်အားတွေ ဖြစ်ပေါ်ခဲ့ရတဲ့ အတွက်လည်း ကျေးဇူးပါ...။ ငါ့စိတ်ကို မင်းနားအလည်ဆုံးလို့ ပြောခဲ့တဲ့အတွက်လည်း ကျေးဇူးပါ..။ ငါပို့သမျှ မေးတိုင်းကို ဖတ်ပေးခဲ့တာလည်းကျေးဇူးပါ..။ မင်းဘက်က ပြတ်သားနိုင်ရင်တောင် ငါ့ဘက်ကတော့ အရင်အတိုင်းပဲ ဆက်ချစ်နေမှာပါ..။ အစိတ်စိတ်အမွှာမွှာကွဲခဲ့ရတဲ့ အသည်းဆိုတာ စုတ်ပြတ်သတ်...လောက်အောင်ပါပဲ...။ ရင်နင့်အောင်လည်း ခံစားရတယ်..။ ငါ့အတွက်ကြောင့် စိတ်ရှုပ်နေရမယ် ဆိုရင် မင်းကိုတောင်းပန်ပါတယ်..။ လူတစ်ယောက်အပေါ်ကိုပဲ စွဲစွဲမြဲမြဲ ချစ်တတ်တဲ့ မင်းကို ငါအရမ်းလေးစားမိပါတယ်..။ ငါကတော့ အစကတည်းက ဆုံးရှုံးခြင်းတွေကိုပဲ ရရှိခဲ့တာပါ..။ မင်းစိတ်ထဲမှာ ငါ့ကိုဦးစားပေးခဲ့တယ်..။ သံယောဇဉ် ရှိခဲ့တယ်ဆိုတာ ငါသိပါတယ်..။ ငါဟာ ကံမကောင်းခဲ့တဲ့သူပါ..။ အရာရာတိုင်းကို ရရှိပြီးမှ ဆုံးရှုံးခဲ့ရတာပါ..။ ဒါပေမယ့် ငါကျေနပ်ပါတယ်..။ မင်းနှုတ်ခမ်းဖျားက ငါ့ကို ချစ်ပါတယ်ဆိုတာ ကြားခဲ့ရလို့ပဲ..။ မင်းကိုနားလည်ပေးသလို ငါ့ကိုလည်း နားလည်ပေး စေချင်ပါတယ်..။ ဒါပေမယ့် ချစ်သူရယ် မင်းဘ၀မှာ အားကိုအားထားပြုဖို့ ယောက်ကျားတစ်ယောက် ဘ၀တခုထူထောင်ဖို့ လူတစ်ယောက်လိုလာခဲ့ရင် ငါ့ကိုဦးစားပေးအနေနဲ့ စဉ်းစားပေးပါ..။ ဘာလို့လဲဆိုတော့ ငါအမြဲတမ်း စောင့်မျှော်နေမှာမို့လို့ပါ..။ မင်းပြောခဲ့သလို့ပဲဆို ငါသည်လည်း အခုရော နောင်ရော မင်းရဲ့ ထာဝရချစ်သူပဲ ဖြစ်စေရမယ်..။ ခုဘ၀မှာ မပေါင်းဆုံနိုင်လို့ နောင်ဘ၀ဆိုတာရခဲ့ရင် မင်းရဲ့ ချစ်ခြင်းကို ခံရတဲ့ လူသားတစ်ယောက် ထပ်ဖြစ်ရပါစေ..။ ငါတောင်းဆုပြုပါတယ်..။ ငါ့ကို တယူသန်တယ်လို့လည်း မပြောပါနဲ့..။ မင်းပြန်လာနိုင်ဖို့ကို ငါ့ရင်ခွင်တံခါးကို အမြဲတမ်း ဖွင့်ပေးထားပါမယ်..။ ဘယ်အချိန် ဘယ်အခါပဲ ဖြစ်ဖြစ်ပြန်လာခဲ့ပါ..။ လူတစ်ယောက်ကို ချစ်ခဲ့တာ တဘ၀လုံးအတွက် ဆိုရင် သေဆုံးသည်အထိ ချစ်သွားပါရစေ...။ မင်းကိုပေးခဲ့တဲ့ ကတိ ဖျက်လိုက်တော့မယ်..။ နောင်ဘယ်တော့မှ မငိုတော့ပါဘူး ဆိုတာ..။ ငါငိုမယ်...မင်းကိုသတိရတိုင်းငိုမယ်...လွမ်းတိုင်းငိုမယ်..။ မျက်လုံးတွေ ပေါက်ထွက်ပါစေ ငါငိုမယ်..။ နောက်ပြီး သေချာတာက မင်းးဓာတ်ပုံလေးတွေကို ငါ့ရဲ့ခေါင်းအုန်းအောက်မှာ တသက်လုံး ထားသွားဖြစ်မှာပါ..။ ညအိပ်တိုင်းမင်းအတွက် ဆုတောင်းပေးနေမိမှာပါ..။ ငါသိပ်ချစ်ရတဲ့ ချစ်သူစိတ်ဆင်းရဲတာ မခံချင်ပါဘူး..။ အချစ်ဆိုတာ ပေးဆပ်ခြင်းဆိုရင် ထာဝရပေးဆပ်ခွင့်ကြုံပါရစေ...။ မင်းပျော်ရွှင်မယ်ဆို ငါမျက်ရည်တွေနဲ့ သွေးချောင်းစီးပေးပါ့မယ်...။ ဒါပေမယ့် မင်းပျော်ရွှင်အောင် ရှင်သန်နိုင်အောင်ကြိုးစားပါ..။ အရာရာကို တရားနဲ့ မြင်တက်ဖို့ ကြိုးစားပါ..။ ငါမင်းကို သိပ်ချစ်တယ်..။ မနက်ဖြန်ဆို မင်းနဲ့ငါနဲ့ ချစ်သူသက်တမ်း အက္ခရာတွေတိုးတော့မယ်..။ အချိန်ကာလက ဘယ်လောက်မှ မကြာသေးပေမယ့် ငါ့ရဲ့ အချစ်တွေကတော့ နှစ်တွေရာထောင်ချီသလောက်ပါပဲ..။ ငါလည်းတတ်နိုင်သလောက် ကြိုးစားပါ့မယ်..။ မင်းတချိန်ငါ့ဆီကို ပြန်လာနိုင်ခဲ့ရင် တည်ငြိမ်နေတဲ့ ယောက်ကျားတစ်ယောက် မင်းလက်တွဲနိုင်လောက်မယ့် ယောက်ကျား တစ်ယောက် ဖြစ်အောင် ကြိုးစားပါ့မယ်...။ အချိန်တိုင်းသတိရနေပါ့မယ်...။ အချိန်တိုင်းတမ်းတနေပါ့မယ်..။ မင်းသိပ်ချစ်တဲ့ မိုးတွေထဲမှာ နေတတ်အောင်လည်း ကြိုးစားပါ့မယ်...။ မင်းအတွက် ငါရည်ရွယ်ထားတဲ့ ဆန္ဒကိုလည်း ဖြစ်အောင်လုပ်မယ်...။ မင်းအတွက်စီစဉ်ထားတာတွေ အများကြီးပါ..။ စိတ်ကူးတွေနဲ့ တည်ဆောက်ထားတဲ့ အနာဂါတ်ခရီးတွေလည်း အများကြီးပါ..။ အဲဒီအစီအစဉ်တွေကို ငါဖြစ်အောင်လုပ်မှာပါ..။ တချိန်ချိန်ဆိုတာ ငါ့အတွက် တကယ်ရှိခဲ့ရင် ရည်ရွယ်ချက်လေး အကောင်အထည်ပေါ်ပါရစေ..။ မင်းကိုတခု အကြံပေးချင်ပါတယ်..။ တတ်နိုင်သလောက် စိတ်ငြိမ်းချမ်းအောင် ကြိုးစားပါ..။ လူဆိုတာ ကိုယ့်ကံနဲ့ကို ကိုယ်လာတာပါ..။ ရှေးဘ၀က ပြုခဲ့တဲ့ကုသိုလ်ကံကြောင့် ဒီဘ၀ရဲ့ သက်တမ်းဟာ တိုရတယ် ရှည်ရတယ်ဆိုတာ ငါတော့ ယုံကြည်တယ်..။ ဖြစ်နေတဲ့ အဖြစ်မှန်ကို လက်ခံနိုင်အောင် ကြိုးစားပါ..။ နောက်ဆုံးအနေနဲ့ တခုပဲ တောင်းဆိုပါရစေ..။ ငါ့ကိုမမုန်းပါနဲ့..။ ငါ့ကို ချစ်ခဲ့တယ်ဆိုတာ လက်ခံပေးကြည့်ပါ..။ မင်းအတွက်ကြောင့် သူဟာသေဆုံးခဲ့ရတယ်.. ။ မင်းပရောဂ မကင်းဘူးဆိုပြီး စိတ်ထဲမှာဖြစ်နေမယ်..။ အဲဒါတောင် မင်းကငါနဲ့ ပျော်ရွှင်နေမိတယ်..။ သူ့အတွက် မတရားဘူးလို့လည်း မတွေးပါနဲ့..။ လူတစ်ယောက်အပေါ်ကို မတရားဘူးဆိုရင် တခြားလူတစ်ယောက် အတွက်ကော တရားပါ့မလား..။ ဘာပဲဖြစ်ဖြစ် မင်းစိတ်ကို တည်ငြိမ်မှု ရစေချင်တယ်..။ နောက်ထပ် ငါထပ်ပြောပါရစေ..။ ငါကလည်း မင်းအတွက် ထာဝရ ချစ်သူပါ..။ အခုရော နောင်ရော ထာဝရချစ်သူပါ...။ မင်းစိတ်ပျော်ရွှင်စွာနဲ့ အစစအရာရာ အဆင်ပြေပြီး အနာဂါတ်ခရီးလမ်းကို ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ပါစေ..။
မိုးရွာတယ်ဆိုတာ မိုးဥတုကုန်ဆုံးတဲ့ အထိပါပဲ..။ ငါ့ရင်ထဲမှာ ရွာနေတဲ့ မိုးကတော့ ရာသီမရွေး အချိန်တိုင်းပါ..။
ပျော်ရွှင်ခွင့် မရခဲ့တဲ့ ငါ့ရဲ့ ဒီဘ၀အတွက် နာကျင်မှုတွေကိုသာ အဖော်အဖြစ်နဲ့ပေါ့ ငါနေတတ်အောင်ကြိုးစားပါ့မယ်..။ ဒါပေမယ့် မင်းနားခိုချင်ရင် အချိန်မရွေး ပျံသန်းလာခဲ့ပါ..။ သစ်အိုပင် တစ်ပင်က ပုပ်ဆွေးနေတဲ့ အထိ စောင့်မျှော်နေပါမယ်လို့..။
အသက်ရှုရှိုက်လိုက်တိုင်းမှာ
လေထဲက ပွင့်ဖတ်တွေက
ငါ့ရင်ကိုလာလာရိုက်တယ်...
ခံလိုက်ရတာ သေမတတ်ပဲ...
ကိုးကွယ်ခဲ့တဲ့ နတ်ဖုရားမ
ကျိန်စာတွေ အပြွတ်လိုက်
စီမံလိုက်လို့လားမသိ
ဒီနှလုံးသားကိုပဲ
လာလာတိုးနေကြတယ်...
ဘယ်ဘ၀ အငြိုးရယ်ကြောင့်
ဒီဘ၀ ညှိုးငယ်နေရတာလဲ
တချက်မတိုးမကျယ်လေးနဲ့
ငါ့ဆီကို အလည်လာခဲ့ပါဦး
ကြွေနွမ်းတဲ့ နှလုံးသားပေမယ့်
သေလမ်းသို့မသွားခင်အထိတော့
ဒီလမ်းမှာ စောင့်စောင့်နေပါမယ်...
စောင့်စောင့်နေပါမယ်...
စောင့်နေပါမယ်..
စောင့်
နေ
ပါ
မယ်
~~~~~~~~~~~~~
မှတ်ချက်။ ။ ကျွန်တော်ခံစားမတတ် ချစ်နေ၇သူတစ်ယောက်အတွက်ပါ..။။
Posted: 2012-01-31 08:12:25 UTC+08:00
မိုးရွာတယ်ဆိုတာ မိုးဥတုကုန်ဆုံးတဲ့ အထိပါပဲ..။ ငါ့ရင်ထဲမှာ ရွာနေတဲ့ မိုးကတော့ ရာသီမရွေး အချိန်တိုင်းပါ..။
ပျော်ရွှင်ခွင့် မရခဲ့တဲ့ ငါ့ရဲ့ ဒီဘ၀အတွက် နာကျင်မှုတွေကိုသာ အဖော်အဖြစ်နဲ့ပေါ့ ငါနေတတ်အောင်ကြိုးစားပါ့မယ်..။ ဒါပေမယ့် မင်းနားခိုချင်ရင် အချိန်မရွေး ပျံသန်းလာခဲ့ပါ..။ သစ်အိုပင် တစ်ပင်က ပုပ်ဆွေးနေတဲ့ အထိ စောင့်မျှော်နေပါမယ်လို့..။
အသက်ရှုရှိုက်လိုက်တိုင်းမှာ
လေထဲက ပွင့်ဖတ်တွေက
ငါ့ရင်ကိုလာလာရိုက်တယ်...
ခံလိုက်ရတာ သေမတတ်ပဲ...
ကိုးကွယ်ခဲ့တဲ့ နတ်ဖုရားမ
ကျိန်စာတွေ အပြွတ်လိုက်
စီမံလိုက်လို့လားမသိ
ဒီနှလုံးသားကိုပဲ
လာလာတိုးနေကြတယ်...
ဘယ်ဘ၀ အငြိုးရယ်ကြောင့်
ဒီဘ၀ ညှိုးငယ်နေရတာလဲ
တချက်မတိုးမကျယ်လေးနဲ့
ငါ့ဆီကို အလည်လာခဲ့ပါဦး
ကြွေနွမ်းတဲ့ နှလုံးသားပေမယ့်
သေလမ်းသို့မသွားခင်အထိတော့
ဒီလမ်းမှာ စောင့်စောင့်နေပါမယ်...
စောင့်စောင့်နေပါမယ်...
စောင့်နေပါမယ်..
စောင့်
နေ
ပါ
မယ်
~~~~~~~~~~~~~
မှတ်ချက်။ ။ ကျွန်တော်ခံစားမတတ် ချစ်နေ၇သူတစ်ယောက်အတွက်ပါ..။။
Posted: 2012-01-31 08:12:25 UTC+08:00
ပန်းပျိုးပေးခဲ့တဲ့ဂစ်တာသံဇဉ်လေး တယောက်ရဲ့ လက်...
သံစဉ်ပျက်နေခဲ့တဲ့ ဂစ်တာတလက်ကို ကာရန်ညှိရမယ့် ကြိုးတွေနဲ့
တီးခတ်မယ့် သူကိုမျှော်နေလေရဲ့.. အရှေ့မှာတော့ ငရဲသားတွေက
အတွေးမှားတတ်အောင် ရန်ထောင်နေကြတယ်လေ....
ဘ၀ဆိုတာက မလှပတာ လူတိုင်းကသိပါတယ်..
ကိုယ်လိုချင်တာ ရတာ မရတာတော့ အပထား
လက်တကမ်းက ပန်းအလှကိုတော့ တမ်းတချင်ကြတာအမှန်ပါပဲဗျာ...
ဘာကြောင့်လဲ..ဗျာ...?? နားရည်ဝမယ့် စာသားအလှတွေနဲ့
ငါံ့ရဲ့ ပါးစပ်ဖျားက သေမလောက်အောင်ပြောနေတော့လဲ
ကြွေမသွားလောက်ပါလား.....
စဉ်းစားကြည့်ပါ....? ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီမှာ
အချစ်ဆိုတဲ့ ကဗျာဟာ မရေရာပေမယ့် သေချာတာက
ဒဏ်ရာတွေက ဆူးလေးနက်နက် တချက်ထိခဲ့ရင်
ဘယ်လောက်ခံရခက်မလဲဗျာ......?
သွားချင်ရင်သွားလိုက်ပါ မလှပနိုင်ပေမယ့်
ဥယျာဉ်မှူးတို့ဘ၀ဟာ... ပျိုးခဲ့တဲ့ပန်းတွေ
လန်းခဲ့ရတယ်လို့ မြင်တွေ့ရမယ် ဆိုရင်လေ...
ပန်းပျိုးတဲ့သူ လက်တဖက်လေးနဲ့တောင်
အသက်ဆက်ရှင်နိင်ပါသေးတယ်...
ဒါပေမယ့် သစ္စာတွေအပ် မေတ္တာတွေ အထပ်ထပ်ခင်းထားခဲ့တဲ့...
ပန်းပျိုးထားတဲ့ရက်တွေ ဘ၀တစ်သက်ကိုတော့...
အမုန်းမိုးတွေ အငြိုးစက်တွေနဲ့ လာပြီးတော့...
ငါ့ရဲ့.. ရင်ဝတဖက်တချက်ဆီကို
သေရခက်လောက်အောင် မစူးစိုက်နိုင်ခဲ့ပါနဲ့လား..
သံစဉ်ပျက်နေတယ်ဆိုတဲ့ ဂစ်တာ သံဇဉ်လေးတို့ရယ်...........
Posted: 2012-01-20 06:24:25 UTC+08:00
တီးခတ်မယ့် သူကိုမျှော်နေလေရဲ့.. အရှေ့မှာတော့ ငရဲသားတွေက
အတွေးမှားတတ်အောင် ရန်ထောင်နေကြတယ်လေ....
ဘ၀ဆိုတာက မလှပတာ လူတိုင်းကသိပါတယ်..
ကိုယ်လိုချင်တာ ရတာ မရတာတော့ အပထား
လက်တကမ်းက ပန်းအလှကိုတော့ တမ်းတချင်ကြတာအမှန်ပါပဲဗျာ...
ဘာကြောင့်လဲ..ဗျာ...?? နားရည်ဝမယ့် စာသားအလှတွေနဲ့
ငါံ့ရဲ့ ပါးစပ်ဖျားက သေမလောက်အောင်ပြောနေတော့လဲ
ကြွေမသွားလောက်ပါလား.....
စဉ်းစားကြည့်ပါ....? ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီမှာ
အချစ်ဆိုတဲ့ ကဗျာဟာ မရေရာပေမယ့် သေချာတာက
ဒဏ်ရာတွေက ဆူးလေးနက်နက် တချက်ထိခဲ့ရင်
ဘယ်လောက်ခံရခက်မလဲဗျာ......?
သွားချင်ရင်သွားလိုက်ပါ မလှပနိုင်ပေမယ့်
ဥယျာဉ်မှူးတို့ဘ၀ဟာ... ပျိုးခဲ့တဲ့ပန်းတွေ
လန်းခဲ့ရတယ်လို့ မြင်တွေ့ရမယ် ဆိုရင်လေ...
ပန်းပျိုးတဲ့သူ လက်တဖက်လေးနဲ့တောင်
အသက်ဆက်ရှင်နိင်ပါသေးတယ်...
ဒါပေမယ့် သစ္စာတွေအပ် မေတ္တာတွေ အထပ်ထပ်ခင်းထားခဲ့တဲ့...
ပန်းပျိုးထားတဲ့ရက်တွေ ဘ၀တစ်သက်ကိုတော့...
အမုန်းမိုးတွေ အငြိုးစက်တွေနဲ့ လာပြီးတော့...
ငါ့ရဲ့.. ရင်ဝတဖက်တချက်ဆီကို
သေရခက်လောက်အောင် မစူးစိုက်နိုင်ခဲ့ပါနဲ့လား..
သံစဉ်ပျက်နေတယ်ဆိုတဲ့ ဂစ်တာ သံဇဉ်လေးတို့ရယ်...........
Posted: 2012-01-20 06:24:25 UTC+08:00
~♫♫ အနားမညီ တဲ့ အဆုံးသပ် ~
~♫♫ ငါ မမှားခဲ့ လဲ မင်းထားသွားမှာပဲ
ငါ တားလဲ မင်းထွတ်သွားမှာပဲ ~♫♫
~♫ ဆောင်းတွင်းမက်တဲ့ အိမ်မက် မို့လို့
မဆန်း ကြယ်တော့ ပါဘူးလေ ~♫♫
~♫ နှုတ်ဆတ် သွားတဲ့ထိ
ငါတို့ တခွန်းမှ မဆိုဖြစ်ခဲ့ဘုး
ဆွံ.အ ခဲ့တဲ့ ငါ့ နှလုံးသား က
အမာ၇ွတ် လေးတွေတော့ ကျန်ခဲ့ဦးမှာပေါ့ ~♫♫
~♫♫ ဇာတ်လမ်းလဲ ဆုံးခဲ့ပြီမို့
မလွမ်းတော့ ပါဘူးလို့ ဆိုနေတိုင်းလဲ
ကန်းနေတဲ့ ငါ့နှလုံးသား ကိုပဲ
ထပ်ခါ တလဲလဲ ကြိမ်ဆဲ တတ်ခဲ့ပြီ ~♫♫
~♫♫ ခဏတာေ၇ာက်လာတဲ့
လေပြေ လေညှင်းတွေပဲမို့
တသတ်တာ အတွတ်
ဘယ်တော့မှ အမှတ် မ၇ချင်တော့ ဘူး ~♫♫
♫♫ ~ ♥ ဟန်နီချို ♥ ♫♫ ~
Posted: 2012-01-20 03:20:25 UTC+08:00
ဘဝအကြောင်းမလှလို့ 
မပေါင်းဖက်ရတဲ့  ချစ်သူစုံတွဲများ
ကံအရေးမပေးလို့ 
တနယ်ဆီဝေးနေရတဲ့  ချစ်သူစုံတွဲများ
အကြောင်းမဖန်တော့ 
အကောင်းကံနဲ့  ပြန်မဆုံနိုင်ကြတဲ့ စုံတွဲများ
ချစ်လျှက်နဲ့ ဝေးလမ်းခွဲလိုက်ရတဲ့ ချစ်သူစုံတွဲများ............. .............
လမ်းခွဲလိုက်ရတဲ့  အချစ်ဆုံးချစ်သူများအတွက်
လမ်းခွဲရခြင်း၏ အကြောင်းရင်းများကတော့ 
(၁)တဦးအပေါ်တဦး သစ္စာဖောက်ခြင်း
(၂)မာနတွေ အပြိုင်ဆိုင်ထားခြင်း
(၃)မိဘဆွေမျိုး အသိုင်းဝိုင်းကြောင့် ကွဲရခြင်း
(၄)အပြန်လှန် နားလည်မူတွေ လွဲခြင်း
(၅)ချစ်လျက်နဲဝေး ပြန်မဆုံနိုင်တော့ လို့ 
အပြီးပိုင် လွမ်းခွဲလိုက်ရခြင်းတွေပဲ ဖြစ်ပါတယ်.....................
ချစ်သူစုံတွဲများ ဘာကြောင့် လမ်းခွဲလိုက်ရတယ်ဆိုတော့ 
အထက်ပါ အချက်များထဲမှ တခုခုကြောင့် ဖြစ်နိုင်ပါတယ်
အကောင်းဆုံးအချစ်တွေနဲ့  တဘဝလုံးမေတ္တာစစ်တွေပေးနိုင်တဲ့ 
ချစ်သူစုံတွဲတွေဖြစ်ကြပြီး.... ကျနော့် လိုအဖြစ်ဆိုးမျိုးနဲ့ မဆုံကြုံကြပဲနဲ့ 
အထက်ပါအချက်များမှ ကင်းဝေးသောချစ်သူစုံတွဲများ ဖြစ်ကြပါစေလို့ 
ကျနော် ပဲခူးဆားက ဆုတောင်းပေးလိုက်ပါတယ်.........
မပေါင်းဖက်ရတဲ့  ချစ်သူစုံတွဲများ
ကံအရေးမပေးလို့ 
တနယ်ဆီဝေးနေရတဲ့  ချစ်သူစုံတွဲများ
အကြောင်းမဖန်တော့ 
အကောင်းကံနဲ့  ပြန်မဆုံနိုင်ကြတဲ့ စုံတွဲများ
ချစ်လျှက်နဲ့ ဝေးလမ်းခွဲလိုက်ရတဲ့ ချစ်သူစုံတွဲများ.............
လမ်းခွဲလိုက်ရတဲ့  အချစ်ဆုံးချစ်သူများအတွက်
လမ်းခွဲရခြင်း၏ အကြောင်းရင်းများကတော့ 
(၁)တဦးအပေါ်တဦး သစ္စာဖောက်ခြင်း
(၂)မာနတွေ အပြိုင်ဆိုင်ထားခြင်း
(၃)မိဘဆွေမျိုး အသိုင်းဝိုင်းကြောင့် ကွဲရခြင်း
(၄)အပြန်လှန် နားလည်မူတွေ လွဲခြင်း
(၅)ချစ်လျက်နဲဝေး ပြန်မဆုံနိုင်တော့ လို့ 
အပြီးပိုင် လွမ်းခွဲလိုက်ရခြင်းတွေပဲ ဖြစ်ပါတယ်.....................
ချစ်သူစုံတွဲများ ဘာကြောင့် လမ်းခွဲလိုက်ရတယ်ဆိုတော့ 
အထက်ပါ အချက်များထဲမှ တခုခုကြောင့် ဖြစ်နိုင်ပါတယ်
အကောင်းဆုံးအချစ်တွေနဲ့  တဘဝလုံးမေတ္တာစစ်တွေပေးနိုင်တဲ့ 
ချစ်သူစုံတွဲတွေဖြစ်ကြပြီး....
အထက်ပါအချက်များမှ ကင်းဝေးသောချစ်သူစုံတွဲများ ဖြစ်ကြပါစေလို့ 
ကျနော် ပဲခူးဆားက ဆုတောင်းပေးလိုက်ပါတယ်.........
Posted: 2012-01-17 17:05:25 UTC+08:00
အတိတ်ဆိုတာက အိပ်မက်တစ်ခုပါကွာ .....
ပစ္စုပ္ပန်ဆိုတာ ရလဒ်တစ်ခုလို့ မင်းသတ်မှတ်ထားလိုက်စမ်းပါ.....
အနာဂတ်ဆိုတာက မျှော်လင့်ချက်တွေနဲ့မို့.....
...
စိတ်ညစ်ခဲ့တာတွေရော... ဖယ်ထုတ်လိုက်စမ်းပါ....
သိပ်ချစ်ခဲ့တာတွေကိုတော့ မေ့နိုင်အောင်တော့ မင်းမေ့ထားခဲ့ရမယ်နော် .....
နာကြင်တာတွေရှိခဲ့ရင်တော့ .. အရာတစ်ခုခုနဲ့
မင်း အစားထိုးနိုင်လိမ့်မယ်လို့ ..ယုံကြည်ချက် အပြည့်အ၀ ထားရလိမ့်မယ် ကိုယ့်လူ...
အစာမကြေတာတွေ တွေ့ခဲ့ရင်တော့.. မင်းကိုယ်တိုင်ပဲ ၀ါး မျိုချလိုက်ပေါ့...
နောက်ထပ်လာမယ့် နှစ်တွေအတွက်ကိုတော့ ...
မင်း အားသစ်တွေနဲ့ထပ်မံပြီး သွန်းလောင်းလိုက်စမ်းပါ..ကွာ..
နောင်တစ်ချိန် မင်းကိုယ်တိုင်လျှောက်ရမယ့် ဘ၀ကျောင်းကိုတော့....
ပျော်ရွှင်မှုတွေနဲ့ သကာရည်လောင်းပီး..... နောက်ထပ် တစ်ဆင့် မင်း ထပ်ပီးတော့တိုးလို့ရပါလိမ့်မယ် ကိုယ်လူ.......
Posted: 2012-01-10 02:16:25 UTC+08:00
လူတယောက်မှာ အမှားမရှိပဲ
လူတယောက်က ဘာကြောင့် စွန့်ခွာသွားနိုင်မလဲ..။
စွန့်ခွာသွားတဲ့သူမှာ ဘာမှမကျန်ပေမယ့်
ကျန်နေခဲ့တဲ့သူမှာ ဘာကြောင့်သတိရခြင်းတွေ ထင်ကျန်နေရတာလဲ။
လောကကြီးက မတရားလိုက်တာနော်...။
ဖြစ်ချင်တာကို မဖြစ်ရ..။
မျှော်လင့်ချင်တာကို မျှော်လင့်နိုင်အောင်
အသက်မသွင်းပေးပါလား..။
ဘာမှမရခဲ့တဲ့ငါ နောင်လည်း ဘာမှထပ်ရမှာ မဟုတ်တော့ပါဘူးလေ...။
Posted: 2012-01-06 23:15:25 UTC+08:00
အမှန်တရားမှာ
အဖြူရောင် ဦးခေါင်းတလုံးရှိခဲ့တယ်။
အမှားကတော့
အဲဒီဦးခေါင်းရဲ့ ဦးနှောက်ကို ဖောက်စားပြီး
ပဉ္စလက်အတတ်နဲ့ ဖုတ်သွင်းထားခဲ့တယ်။
အမှန်တရားဟာ
ဦးနှောက်မပါတဲ့ သူ့ဦးခွံနဲ့
သိက္ခာတွေအဖတ်ဆယ်ရင်း
အမှားရဲ့ စားကြွင်းစားကျန်တွေထဲ
ခွေးဝဲစားတစ်ကောင်ဖြစ်သွားခဲ့တယ်။
အမှန်တရားဟာ
နှစ်ချို့အဘိဓမ္မာဟောင်းတွေနဲ့
ဂန္တ၀င်သစ်ပဲ့တင်စေရင်း
အမှားရဲ့ခေတ်ပေါ်ဗန်းစကားကြောင့်
လေဟာနယ်တွေသာ ပိုင်ဆိုင်ခဲ့တယ်။
အမှန်တရားဟာ
လောကရဲ့သဘာဝရေစီးကြောင်းထဲ
အပြင်းစားစိတ်ကူး၊အိပ်မက်တွေ
ပေါလောမျောပါခဲ့။
အမှားရဲ့အဖတ်ဆယ်တင်မှုကြောင့်
အမျှင်မပြတ်တဲ့ အသက်ရှူငွေ့တွေ
သွေးသားယိုစိမ့် ချိနဲ့လာခဲ့တယ်။
ဒီလိုနဲ့
အမှန်တရားဟာ
အမှားကို အကြိမ်ကြိမ် ရှုံးနိမ့်ခြင်းကြောင့်
အမှားကို အထင်ကြီးစွာနဲ့
အမှားကို အမှန်ဖြစ်စေခဲ့တယ်။
အမှားကတော့
အမှန်တရားကို ထိပ်ပုတ်ခေါင်းပုတ်လုပ်ပြီး
အမှန်တရားရဲ့ ညံ့ဖျင်းမှုကို ကဲ့ရဲ့ရင်း
အမှားတွေ ဘယ်လိုအောင်မြင်လာရတယ်ဆိုတာ
အခန့်သားရှင်းပြနေလေရဲ့။
နေဆူးသစ်
(၁၉၉၄၊ဇန်န၀ါရီလထဲ ရန်ကုန်တက္ကသိုလ်မှာ ထုတ်ခဲ့တဲ့
တမိုးထဲအောက်မှာ လက်ကမ်းကဗျာစာအုပ်မှ)
အဲဒီကဗျာလေးဟာ ၈၈ နောက်ပိုင်း လူငယ်တွေရဲခံ့စားချက်ပါပဲ။
လူငယ်ဆိုတော့လဲ အယူအဆပြင်းထန်မယ်။
အမြင်တွေ ရဲမယ်။ဒါပေမဲ့ သေချာတာက ဒါ ခေတ်ပြိုင်ခံစားမှု။
တကယ့်လောကထဲက မျက်မှောက်အခြေအနေကို ထင်ဟပ်နေတဲ့ ခံစားချက်။
မြန်မာ့လူ့ဘောင်ထဲမှာ တကယ် ထွန်းကားစပြုလာနေတဲ့ ပြဿနာ…။
စကားတခွန်းရှိပါတယ်..
အမှန်တရားက အိမ်ပြင်ထွက်ဖို့ ခြေလှမ်းပြင်နေတုန်း
အမှားက ကမ္ဘာတပတ် ပတ်ပြီးနေပြီဆိုတာ။
ဒါပေမဲ့ ..နောက်တခုလဲ ရှိပါသေးတယ်။
အမှားကို လူတစ်ထောင်ပြောသော်လဲအမှန်ဖြစ်မလာ။
အမှန်ကတော့ လူတစ်ယောက်တည်းကပြောသော်လဲ
အမှန်သာဖြစ်တယ်တဲ့။
(ပြောသူတွေမမှတ်မိတာတော့ ခွင့်လွှတ်ပါ)
ဒါကြောင့်..ဘာတွေ ဘယ်လိုဖြစ်ဖြစ်
အမှန်တရားဆိုတာကတော့..
ဘယ်တော့မှမသေ..။
ဘယ်တော့မှ မရှုံး..။
ဒါ..အကြွင်းမဲ့ သစ္စာ။
တချိန်ထဲမှာပဲ..
အမှားကလဲ လူတွေကြားထဲ အခန့်သား ထိုင်နေဦးမှာပါပဲ..
(ထုံးစံအတိုင်း ကဗျာပိုင်ရှင်ကို ခွင့်မတောင်းနိုင်တာကိုခွင့်လွှတ်ပါ)
Posted: 2012-01-06 23:15:25 UTC+08:00
ကျွန်တော်နေနေတုန်းပဲ...ဒီအတိုင်း
မနက်ဖြန်ပေါ့....ပြောင်းနိုင်မယ်မထင်သေးဖူး
ဘ၀ကိုအခြေအနေတစ်ရပ်ပြောင်းနိုင်ဖို့အချိန်ပြောင်းလည်းမှု့အချိန်
ဘယ်လောက်သုံးရမလည်းဆိုတဲ့မေးခွန်မျိုးတစ်ခါကဖတ်ဖူးတယ်
one matter တဲ့ ကဲ.........
ခက်တာက အံဒီ one matter ဆိုတာပဲ
ခံယူသူဧ။်စိတ်ဓါတ်ပေါ်တွင်ကြာမြင့်သောအချိန်တဲ့
ကဲ..............
တစ်ချို့တွေက ဘ၀ကိုပုံသေနည်းတစ်ခုလိုယူဆပြီးတွက်ကြတယ်
တစ်ချို့တွေက တော့........ရိုးရာအတိုင်းပဲဆက်သွားကြတယ်
တစ်ချို့တွေကတော့ လမ်းမှာတွေ့တဲ့ ဟာတွေနဲ့ ဆင်ယင် မှင်သေသေနဲ့ပဲ
သူ့တို့အနာဂါတ်ကိုသူတို့ ထင်သလိုပုံသွင်းတတ်ကျတယ်
တစ်ခါကလိုဆိုတဲ့........သီချင်းကြားဖူးလား
ဖြစ်ချင်တာတွေချည်းပဲလုပ်နေခဲ့ကြတာတောင်
မဖြစ်ရတာများတော့ ဖြစ်လာတွေကိုခပ်တည်တည်နဲ့ပဲ
ကိုယ်တမင်လုပ်ခဲ့သလိုမျိုး
အဲသလိုပဲ...ဘ၀ဆိုပြီးစကားလုံးကို
နှုတ်တိုက်ကျက်...တတွတ်တွတ်ရေရွှတ်ရင်း
သူများတွေရှေ့မှာအားနဲ့ပြောပြောခဲ့တာ
တကယ်တမ်း အတွင်းစိတ်ထဲမှာ
ယိုင်နဲ့စိတ်ပျက်နေတာတွေကိုဖုံးအုပ်ရင်း
ပိတ်ပါးနဲ့ဖုံးအုပ် အနာဂါတ်ထမင်းထုပ် အဖြစ်နဲ့ပေါ့....
မနက်ဖြန်ပေါ့....ပြောင်းနိုင်မယ်မထင်သေးဖူး
ဘ၀ကိုအခြေအနေတစ်ရပ်ပြောင်းနိုင်ဖို့အချိန်ပြောင်းလည်းမှု့အချိန်
ဘယ်လောက်သုံးရမလည်းဆိုတဲ့မေးခွန်မျိုးတစ်ခါကဖတ်ဖူးတယ်
one matter တဲ့ ကဲ.........
ခက်တာက အံဒီ one matter ဆိုတာပဲ
ခံယူသူဧ။်စိတ်ဓါတ်ပေါ်တွင်ကြာမြင့်သောအချိန်တဲ့
ကဲ..............
တစ်ချို့တွေက ဘ၀ကိုပုံသေနည်းတစ်ခုလိုယူဆပြီးတွက်ကြတယ်
တစ်ချို့တွေက တော့........ရိုးရာအတိုင်းပဲဆက်သွားကြတယ်
တစ်ချို့တွေကတော့ လမ်းမှာတွေ့တဲ့ ဟာတွေနဲ့ ဆင်ယင် မှင်သေသေနဲ့ပဲ
သူ့တို့အနာဂါတ်ကိုသူတို့ ထင်သလိုပုံသွင်းတတ်ကျတယ်
တစ်ခါကလိုဆိုတဲ့........သီချင်းကြားဖူးလား
ဖြစ်ချင်တာတွေချည်းပဲလုပ်နေခဲ့ကြတာတောင်
မဖြစ်ရတာများတော့ ဖြစ်လာတွေကိုခပ်တည်တည်နဲ့ပဲ
ကိုယ်တမင်လုပ်ခဲ့သလိုမျိုး
အဲသလိုပဲ...ဘ၀ဆိုပြီးစကားလုံးကို
နှုတ်တိုက်ကျက်...တတွတ်တွတ်ရေရွှတ်ရင်း
သူများတွေရှေ့မှာအားနဲ့ပြောပြောခဲ့တာ
တကယ်တမ်း အတွင်းစိတ်ထဲမှာ
ယိုင်နဲ့စိတ်ပျက်နေတာတွေကိုဖုံးအုပ်ရင်း
ပိတ်ပါးနဲ့ဖုံးအုပ် အနာဂါတ်ထမင်းထုပ် အဖြစ်နဲ့ပေါ့....
Posted: 2012-01-04 03:22:35 UTC+08:00
###အချစ်ငှက်ငယ်###
by Moehtet Arkar on Saturday, December 31, 2011 at 3:59pm
အမှတ်မထင်.....................,
ကျနော့် ရင်ခွင် ခိုးနားလို့ ဝင်ခဲ့,
ဘ၀ ပြေးလမ်း တစ်နေရာမှာ...
တဒင်္ဂ ခိုလို့ နားတဲ့ ချစ်ငှက်ငယ်,
ငှက်ကလေး ရင်ထဲ ဘာတွေရှိလည်း...
ကျနော်မသိ...., စဉ်းစားမိပါ၏
ဘာပဲဖြစ်ဖြစ် ငယ်ကလေးရာ,
ကျနော် ပျော်လို့ နေခဲ့တာ....
ငှယ်ကလေး ပျံဝဲ ကောင်းကင်ထဲ
ကျနော် မြင်မိ ကျေနပ်မိ။ ။ ။
ငှက်ငယ်လေးနဲ့ ကျနော်ဟာ,
တွဲ လို့ ပျော်ခဲ့တာ .....
အချိန်ကျလို့ ... , ဌာနေပြန်
ကျန်ခဲ့မှာက ကျနော်ပါပဲ...
ရင်တွေဝုန်းဒိုင်းကြဲ ..........။

ကျနော့် ရင်ခွင် ခိုးနားလို့ ဝင်ခဲ့,
ဘ၀ ပြေးလမ်း တစ်နေရာမှာ...
တဒင်္ဂ ခိုလို့ နားတဲ့ ချစ်ငှက်ငယ်,
ငှက်ကလေး ရင်ထဲ ဘာတွေရှိလည်း...
ကျနော်မသိ...., စဉ်းစားမိပါ၏
ဘာပဲဖြစ်ဖြစ် ငယ်ကလေးရာ,
ကျနော် ပျော်လို့ နေခဲ့တာ....
ငှယ်ကလေး ပျံဝဲ ကောင်းကင်ထဲ
ကျနော် မြင်မိ ကျေနပ်မိ။ ။ ။
ငှက်ငယ်လေးနဲ့ ကျနော်ဟာ,
တွဲ လို့ ပျော်ခဲ့တာ .....
အချိန်ကျလို့ ... , ဌာနေပြန်
ကျန်ခဲ့မှာက ကျနော်ပါပဲ...
ရင်တွေဝုန်းဒိုင်းကြဲ ..........။

Posted: 2012-01-05 20:45:15 UTC+08:00
Subscribe to:
Posts (Atom)